ဇူလိုင်လ ၁၆ ရက်နေ့ ၊ မော်စကိုမြို့ MSU ( Moscow State University ) ကျောင်း ကျောင်းသားဆောင်မှာ အမှတ်တရ ဆုံတွေ့ဖြစ်ခဲ့ကြပါတယ် ။ အဲဒီ တွေ့ဆုံပွဲမှာ ကျွန်တော်တို့ သူငယ်ချင်းတွေဟာ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် အကြံပေး ဆွေးနွေးခဲ့ကြ ပြီး ၊ ၂၀၀၈ ၊ ဧပြီလ ၄ ရက် ( သင်္ကြန်အကျနေ့ ) ကအကြမ်းဖျင်း ရည်ရွယ်ထားခဲ့တဲ့ ကျွန်တော်တို့ ရဲ့ အမှတ်တရ Website တစ်ခုလုပ်မယ့် ကိစ္စကို အတည်ပြုခဲ့ကြပါတယ် ။ Website မှာပါမယ့် ကဏ္ဍတွေမှာ တာဝန်ယူနိုင်ကြမယ့် အပိုင်းတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ် ။
နောက်တစ်နေ့ ( ၁၇ ၊ ဇူလိုင် ၊ ၂၀၀၈ နေ့ )ဟာ ၀ါဆိုလပြည့်နေ့ ဖြစ်တဲ့အားလျော်စွာ ကျွန်တော်တို့ သူငယ်ချင်း Blogger တစ်စုဟာ MSU ကျောင်း ဘုရားခန်းမှာ ဓမ္မစင်္ကြာ တရားတော်ကို ရွတ်ဖတ်ပူဇော်ခဲ့ကြပြီး အခုလို နေ့ထူးနေ့မြတ်မှာ ကျွန်တော်တို့ ချစ်တဲ့ မြန်မာပြည်သူ ပြည်သားအပါင်း ကိုယ်၏ချမ်းသာခြင်း (သုခိနောဝ) ၊ စိတ်၏ ချမ်းသာခြင်း (ခေမိနောဝ) အပေါင်း နှင့်ပြည့်စုံပြီး ဘေးရန်အပေါင်း က ကင်းဝေးပါစေ ကြောင်း ဆုမွန်ကောင်း တောင်းခဲ့ကြပါတယ် ။ နေ့လည်ခင်းမှာ တော့ အမှတ်တရ ခရီးအဖြစ် ( Коломенский Парк) ပန်းခြံနဲ့ ဟိုချီမင်း ရင်ပြင်တို့ကို သွားရောက်လည်ပတ် ခဲ့ကြပါတယ် ။
ကျွန်တော်တို့ သူငယ်ချင်းတစ်စုရဲ့ တွေ့ဆုံပွဲကို နိုင်ငံအသီးသီးမှာ ရှိကြတဲ့ ကျွန်တော်တို့ရဲ့ Blogger ညီ ၊ အစ်ကို ၊ မောင် ၊ နှမ များအားလုံး သိရှိစေဖို့ ၀မ်းသာစရာ သတင်းကောင်း တစ်ခုအနေနဲ့ ဖော်ပြပေးလိုက်ပါ တယ်ခင်ဗျာ ။ ကျွန်တော်တို့ ရဲ့ တွေ့ဆုံပွဲလို နိုင်ငံ အသီးသီးမှာရှိကြတဲ့ Blogger ညီ ၊ အစ်ကို ၊ မောင် ၊ နှမ များလည်း ပျော်ပျော် ရွှင်ရွှင် စည်းစည်းလုံးလုံးနဲ့ ဆုံတွေ့နိုင်ကြပါစေ လို့ ကျွန်တော်တို့ သူငယ်ချင်း Blogger တစ်စု က ဆန္ဒပြုလိုက်ပါတယ်ခင်ဗျာ ။ Blogger များအားလုံးနဲ့ Blog စာဖတ်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ …….
………. ဓမ္မစင်္ကြာတရားတော် ရွတ်ဖတ်ပူဇော်နေစဉ် ….
……. ဆွေးနွေးပွဲနှင့် အမှတ်တရ ခရီး …….
မှတ်ချက် ။ ။ အကြောင်းကြောင်းကြောင့် လူကိုယ်တိုင်မလာနိုင်ပဲ G-talk ၊ Phone များနဲ့ ဆွေးနွေးခဲ့ကြတဲ့ Blogger တစ်ချို့ ရှိခဲ့ပေမယ့် ဆွေးနွေးပွဲမှာပါဝင်သူ အားလုံးကို ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ ။
ကိုရင်ညိန်း ၊ တင့်ထူးရွှေ ၊ နတ်သျှင်နောင် ၊ Black Dream ၊ မောင်ကောင်းအောင် ၊ လွမ်းလုင် ၊ မျှားပြာ ၊ ရွှေရောင်ကောင်းကင် ၊ လင်းထွန်း ၊ လွမ်းသုခ ၊ ရတ်မွန် ၊ နေချိုအေး ၊ ၀ဿန်ဦး ၊ မောင်နိုင် ၊ မီးပြတိုက် ၊ ဇွတ်ဆိုးလေး ၊ 4Ever ၊ ထိပေ့သျှင် ၊ ကိုစွမ်း ၊ ကိုအောင် ၊ ညိမ်းညို ၊ ဖြိုးငယ် ၊ အောင်ဦး ၊ နန်းထိုက်ဝင်း ၊ မင်းဝေ ၊ တင်နွယ်မောင် ၊ သုခရိပ် ၊ မင်းကျန်စစ် ၊ အလွမ်းရောင် ၊ စောမဏ္ဍိုင် ၊ အညာသားလေး ၊ မောင်ငယ် ၊ မောင်သုည ၊ လွမ်းစေ (မြန်မာပြည်) ။





1 comments:
မောင်ကောင်းအောင်ရေ ရုရှဘလော့ဂါတွေ တွေ့ဆုံပွဲကို ဖတ်သွားတယ်..
အခုမှ ကြည့်မိတယ်။ ဘလော့ဂါတိုင်းရဲ့ ကလောင်နာမည်တွေက အနုပညာအရမ်းဆန်တာပဲ။ ကျနော်တို့ စင်္ကာပူမှာလဲ အဲလိုတွေ့ဆုံပွဲလေး လုပ်ဖို့ စိုင်းပြင်းနေလေရဲ့။
အစစအရာရာ အဆင်ပြေပါစေဗျာ။ တကယ်ပါ။ တိုင်းပြည်အတွက် (ဗိုလ်ချုပ်ကြီးတွေအတွက်မဟုတ်) ကြိုးစားနေတာ မြင်ရလို့ ၀မ်းသာပါတယ်။ လက်တွေ့အသုံးချနိုင်ပါစေနော်။
Post a Comment